ဒုတိယအနေနဲ့ Crack ဘာလို့လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို သိရပါမယ်။
- Apple’s App Store ကနေ တရားဝင် အခပေးပြီး ဒေါင်းလိုက်တဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device မှာ အခမဲ့ဆော့လို့ရအောင် crack ရပါတယ်။
- အခပေးဖြစ်ဖြစ်.. အခမဲ့ဖြစ်ဖြစ်.. App Store အကောင့်တစ်ခုနဲ့ ဒေါင်းထားတဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device ထဲ ထည့်တော့မယ် ဆိုပါစို့၊ အဲ့ဒီ apps တွေ ဒေါင်းထားသူရဲ့ အကောင့်နာမည်နဲ့ စကားဝှက်မသိပဲ iTunes နဲ့ သွင်းလို့မရနိုင်ပါဘူး၊ iTools, iFun-Box စတဲ့ 3rd party software တွေနဲ့ သွင်းလိုက်လို့ စက်ထဲကို ဝင်သွားတယ်ပဲ ထားဦး၊ apps က ဖွင့်မရပဲ crash ဖြစ်နေတတ်ပါတယ်၊ အဲ့လို အခြေအနေတွေ မဖြစ်အောင် crack ရပါတယ်။
Crack လုပ်ဖို့ နည်းလမ်း (၂) ခုရှိပါတယ်။
- Crackulous ကဲ့သို့သော Cydia tool အသုံးပြုပြီး ဖုန်းထဲမှာ crack တဲ့နည်း
- Computer မှာပဲ.. manual crack တဲ့နည်း
အသေးစိတ်ရှင်းပါမယ်။
စမ်းသပ်ရအောင်.. AppStore ကနေ အခမဲ့ (သို့) အခပေး apps တစ်ခုခုရှာပြီးဒေါင်းထားလိုက်ပါ။ (PC က ဒေါင်းတာဆိုရင်လဲ iTunes နဲ့ သွင်းလိုက်ပါ)
>>> ပထမနည်း အတွက်..
- Wifi နဲ့ အင်တာနက်ချိတ်ဆက်ပြီး Cydia ထဲကိုဝင်ပါ။
- Manage -> Source -> Edit -> Add -> http://repo.biteyourapple.net ရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် source သွင်းတာကို ခဏစောင့်လိုက်ပါ။
- (BiteYourApple source ထဲ ဝင်ပြီး) Crackulous ကို ရှာဒေါင်းလိုက်ပါ။
- Crackulous ထဲဝင်ပါ။ လာလာချင်းတွေ့ရမှာက.. AppStore ကနေ တရားဝင် သွင်းထား.. ဒေါင်းထားတဲ့ apps တွေကိုပါ။ အဲ့ဒီမှာ စောနက စမ်းသပ်ဖို့အတွက် ဒေါင်းထားတဲ့ ipa ကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Cracking ထဲ ဝင်သွားပြီး.. ခဏမှာတော့ လည်နေတာပြီးသွားပါလိမ့်မယ်။ ဒါဆိုရင် crack လုပ်လို့ပြီးပါပြီ။
- Crack လုပ်ပြီးတဲ့ ipa ကို file sharing ဆိုက် တစ်ခုခုမှာ upload လုပ်ဖို့ပဲ ပါပါတယ်။ ဒါပေမယ့် ကျတော်တို့အတွက် အဲ့လောက်ကောင်းတဲ့ ကော်နက်ရှင် မရှိတဲ့အတွက် ကွန်ပျူတာနဲ့ချိတ်ပြီးတော့ပဲ ယူပါမယ်။
- iTools (Download ပြုလုပ်ရန်) နဲ့ချိတ်ပြီး FileSystem ထဲဝင်ပါ။ FileSystem (Jailbreaked) ကို ထပ်နှိပ်ပါ။ /var/root/Documents/Cracked ထဲ အဆင့်ဆင့်ဝင်ကြည့်လိုက်ရင် စောနက Crackulous နဲ့ Crack ထားတဲ့ ipa လေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီကောင်ကို Right Click ခေါက်.. Copy to Local ဆိုပြီး ကိုယ်သိမ်းချင်တဲ့ နေရာလေးတခု မှာ သိမ်းလိုက်ပါ။ (ကောင်းတာကတော့ Desktop ပေါ့)
- ကဲ.. ဒါဆိုရင် Crack လုပ်ထားတဲ့ IPA ကို ကြိုက်သလို share လို့ရပီပေါ့ဗျာ ။
- ပထမနည်း.. Done!
>>> ဒုတိယနည်း အတွက်
- WinRAR (သို့) 7-Zip လိုပါတယ်။ ( ဖြစ်နိုင်ရင်တော့ 7-Zip သုံးပါ.. http://downloads.sourceforge.net/sevenzip/7z920.exe)
- ပြီးရင် iTunes ကနေ စမ်းသပ်ဖို့ ဒေါင်းထားတဲ့ apps ကို သွားရှာပါမယ်။
- C:\Users\-your user name-\Music\iTunes\iTunes Media\Mobile Applications ထဲမှာ ရှိပါလိမ့်မယ်။ အဲ့ဒီကောင်လေးကို (Ctrl နှိပ်ထားပြီး mouse နဲ့ ဆွဲကာ) copy ကူးလိုက်ပါ။
- အဲ့ဒီ copy လုပ်ထားတဲ့ကောင်ကို Right Click ခေါက် -> 7-Zip -> Open archive ဆိုပြီး ဖွင့်လိုက်ပါ။
- အထဲမှာပါတဲ့ iTunesMetadata.plist ကိုဖျက်ပါ။ Payload -> YourAppsName.app ထဲ ဝင်ပြီး _CodeSignature ဆိုတဲ့ ဖိုဒါကို ဖျက်ပါ။ ပြီးရင် CodeResources နဲ့ ResourceRules.plist စတဲ့ ဖိုင်တွေကို ဖျက်ပါ။(အထက်မှာ ပြောတဲ့ဖျက်စရာတွေထဲက တခုခု မရှိဘူးဆိုရင် လျစ်လျူရှုပါ)
- ကဲ.. Crack လို့တော့ပြီးပြီ.. ဖုန်းထဲမှာရှိတဲ့ကောင်ကို ဖျက်ပြီး ဒါလေး သွင်းကြည့်လိုက်ပါ ။ ဒါဆိုပြီးပါပြီ
မှတ်ချက်-
ဒုတိယနည်းက 100% အောင်မြင်မယ်လို့တော့ အာမ,မခံဘူး။ ဒါပေမယ့် ကျတော် စမ်းကြည့်တာတော့ အကုန်လုံး(နီးပါး) ရတယ်။ WinRAR နဲ့လုပ်ရင်တော့ တချို့ဆို မရတတ်ဘူး။ Crack လုပ်နည်းမအောင်မြင်ရင် ဘာဖြစ်တတ်လဲဆိုတော့. apps ကို ဖွင့်လိုက်တာနဲ့ crash ဖြစ်တတ်ပါတယ်။
Crackulous က ios 8 support မလုပ်ဘူးထင်ပါတယ် Application list ထဲမှာ ဘာမှမပေါ်ဘူး ဒုတိယနည်းကလည်း အဆင်မပြေပါဘူး တခြားနည်းလမ်းလေးများ သိရင် ပြောပြပေးပါအုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ
ReplyDelete