Wednesday, January 16, 2013

Video များ Download လုပ်နိုင်သောဆိုဒ်များ

Zamzar
Zamzar က ဗီဒီယို ဖိုင်တွေကို format convert လုပ်ပေးနိုင်တဲ့အပြင် အခြား ဝက်ဘ်ဆိုက် တစ်ခုမှာရှိတဲ့ Video Link ကို ယူပြီး download လုပ်လို့ ရစေနိုင်ပါတယ်။ ဖိုင်တွေကို convert, download လုပ်တဲ့ နေရာမှာလည်း video တွေတင်မက audio, pdf, doc စတဲ့ ဖိုင်တွေကိုလည်း convert, download လုပ်နိုင်ပါတယ်။

Vixy.net
Vixy.net ဟာလည်း Video ဖိုင်တွေကို format convert နဲ့ download လုပ်ပေးတဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ထူးခြားတာက ဖိုင်တွေကို convert လုပ်ပေးတဲ့ နေရာမှာ flash video/ flv file, YouTube ရဲ့ video တွေကို MPEG4, AVI, MOV, MP4, MP3, 3GP format တွေကို ပြောင်းလဲ ပေးနိုင်တာပါပဲ။

 KeepVid
KeepVid က ဗီဒီယိုဖိုင်တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ download လုပ်နိုင်တဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။ KeepVid ရဲ့ ထူးခြားချက်ကတော့ web မှာ လူကြည့်အများဆုံး Video တွေကို ဖော်ပြထားပေးတာပဲ ဖြစ်ပါတယ်။

DVDVideoSoft
DVDVideoSoft မှာ youtube နဲ့ Google video တွေကို download လုပ်လို့ ရနိုင်ပါတယ်။ free software တွေကိုလည်း ရနိုင်သလို video တွေကိုလည်း convert လုပ်နိုင်ပါတယ်။ ဒါ့အပြင် audio, video တွေကို burn, rip, edit လုပ်နိုင်တဲ့ tool တွေကို ဒီဆိုက်မှာ ရနိုင်ပါတယ်။

ClipNabber
ClipNabber က youtube, dailymotion, Veoh, Megavideo စတဲ့ video sharing ဝက်ဘ်ဆိုက်ပေါင်း ၁၀၀ က ဗီဒီယိုတွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး download လုပ်နိုင်ပါတယ်။

Media Converter
Media Converter မှာလည်း video, audio တွေကို convert, download လုပ်နိုင်ပါတယ်။ ဒါပေမယ့် ၅ ကြိမ်ထက်ပိုပြီး download လုပ်လို့ မရသလို 100 MB ထက် ကြီးတဲ့ ဗီဒီယိုတွေကိုလည်း Download လုပ်လို့ မရပါဘူး။ အကောင့်တစ်ခု ဆောက်ထားရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။

KcoolOnline
KcoolOnline မှာ ဗီဒီယို ဆိုက်ပေါင်း ၂၁၀ နဲ့ အထက်မှာ တင်ထားတဲ့ ဗီဒီယို တွေကို download လုပ်နိုင်ပါတယ်။ ဒါ့အပြင် အပတ်စဉ်တိုင်း ဗီဒီယို ဆိုက် အသစ်တွေကိုလည်း ထည့်သွင်းပေးနေပါတယ်။ MySpace, CollegeHumor, iFilm စတဲ့ နာမည်ကျော် video stream ဆိုက်တွေကိုလည်း support လုပ်ပါတယ်။

DownThisVideo!
DownThisVideo ဟာ video url တွေကို download လုပ်နိုင်တဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဆိုက်ရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ tag cloud တွေပါပဲ။ ဒါ့အပြင် wordpress plugin တစ်ခုဖြစ်တဲ့ WpVideo ကို အသုံးပြုပြီး ကိုယ့်ရဲ့ post တွေထဲမှာ ဗီဒီယိုတွေကို အလွယ်တကူ ထည့်စေနိုင်ဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

YouConvertIt
YouConvertIt မှာ youtube, google video နဲ့ metacafe ဆိုက်တွေက ဗီဒီယိုတွေကို download လုပ်နိုင်တဲ့အပြင် video format အတော်များများကိုလည်း ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာမှာရှိတဲ့ ဖိုင်တွေကိုလည်း email ပို့လို့ ရစေပါတယ်။

 VidMetro
VidMetro မှာ youtube, google video, metacafe, dailymotion နဲ့ break ဆိုက်တွေက ဗီဒီယိုဖိုင်တွေကို download လုပ်နိုင်ပါတယ်။ လူကြိုက်များတဲ့ video တွေကိုလည်း ဖော်ပြပေးထားပါတယ်။
စမ်းသပ်ကြည့်နော်အားလုံးလုပ်လို့ရတယ် Video Download လုပ်ချင်သူများအတွက် တင်ပေးလိုက်တယ်နော် ကျွန်တော်အစကတင်ပေးမလို့ အခုမှအားတာနဲ့ ပြုစုပြီးတင်ပေးလိုက်တယ်နော်
အားလုံးအဆင်ပြေနိုင်ကြပါစေ ......

No comments:

Post a Comment