Sunday, January 13, 2013

Windows 8 ရဲ့ User account picture ကို ပြောင်းမယ်


ဒီပို့စ်လေးမှာ ကျွန်တော် Windows 8 ရဲ့ User Account Picture ကို ဘယ်လိုပြောင်းရမလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်
ဝင်းဒိုးစနစ်အကြောင်း အတော်အသင့်နားလည်ထားသူတွေအတွက် ဘာမှထူးခြားတဲ့နည်းလမ်းလေး မဟုတ်ပေမယ့်
မသိသေးတဲ့လူတွေအတွက်တော့ အသုံးဝင်မှာဖြစ်ပါတယ် ..
ဝင်းဒိုး 8 ကလည်း သိတဲ့အတိုင်းပဲ သွက်လက်ပေါ့ပါးမှုကအစ အင်တာနက်အသုံးပြုရတာ အဆင်ပြေမှု လုံခြုံရေးစနစ်မြင့်မားမှု
စတာတွေကြောင့် User တွေအတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို တဖြည်းဖြည်း သတင်းမွှေးလာနေပါပြီ ..
ကဲ .. စလိုက်ကြစို့ ..
Windows 8 ရဲ့ လုံခြုံရေးစနစ် မြှင့်တင်ထားမှုကြောင့် Paid Version ကို အသုံးပြုခွင့်ရတဲ့ တခြားနိုင်ငံအများအပြားက User တွေ အတွက်တော့
Microsoft မှာ အကောင့်လုပ်ပြီး လိုချင်တဲ့ Feature တွေကို လိုအပ်သလို ထည့်သွင်းအသုံးပြုနိုင်ပေမယ့် ကျွန်တော်တို့လို ၀င်းဒိုးကအစ

ဆော့ဝဲတွေအဆုံး Crack ပြီးမှ ( ရှက်ဒေါသနဲ့ ပြောရရင် ခိုးပြီးမှ ) Full Version ဟန်ဆောင်ပြီး အသုံးပြုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့တော့
 Windows 8 ရဲ့ ထူးခြားလှပတဲ့ တခြားသော Feature တွေကို မပြောနဲ့ User Account Picture လေးကိုတောင် ပြောင်းလဲအသုံးပြုဖို့ တရားဝင် ခွင့်မရရှိကြပါဘူး


ဒီတော့ .. ဘာလုပ်မလဲ .. တတ်သလောက် မှတ်သလောက် Crack မှာပေါ့ဗျာ .. ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ၀င်းဒိုးရဲ့ လုံခြုံရေးစနစ်တွေကို
ဖောက်မှာပေါ့ ..
ကဲ .. ဒီနည်းလေးဟာလည်း ၀င်းဒိုးကို ခပ်ပါးပါးလေး Crack လုပ်ခြင်းဖြစ်တာကြောင့် ဒီနည်းကို ချဲ့ထွင်ပြီး တွေးတောစဉ်းစားတတ်မယ်ဆိုရင် ၀င်းဒိုးရဲ့
Administrator အကောင့်တွေကိုတောင် Crack နိုင်လောက်တဲ့ နည်းပညာရဲ့ အတက်အလက်လေးတစ်ခုဖြစ်တယ်ဆိုတာ နားလည်သူတွေသိမှာပါ ..
 Windows 8 ရဲ့ User Account Picture ကို သာမာန်အတိုင်း ပြောင်းလို့မရပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးရဲ့ Start Screen ကို သွားလိုက်ရင်
အောက်မှာပြထားတဲ့အတိုင်း Change account picture ဆိုတာ ပါပေမယ့် တစ်ကယ်တမ်းလည်း သွားလိုက်ရော Change ခွင့်မပေး ( Nonactive Mode ) တွေပဲ
ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ..




ကဲ .. ဒါဆို ဘယ်လိုပြောင်းမလဲ ..
User Account Picture ကို ပြောင်းဖို့အတွက် လိုအပ်တာတွေကို ပထမဆုံး ပြင်ဆင်ထားရပါမယ် .. အဲဒါတွေက ဘာတွေလဲဆိုတော့


(၁) ကိုယ်သုံးချင်တဲ့ ပုံကို စတုရန်းပုံ ( အလျား = အနံ ) ဖြစ်အောင် ပြင်ဆင်ထားပါ ..
(၂) အဲဒီပုံကိုပဲ Photoshop ပရိုဂရမ်တစ်မျိုးမျိုးနဲ့ (ကျွန်တော်ကတော့ Photoshop CS 5 ကို သုံးပြီး လုပ်ပါတယ် ) အောက်မှာ ပြထားတဲ့ ပုံအရွယ်အစားနဲ့
File Type လေးတွေ ပြင်ဆင်ထားရပါမယ်
(i) 448 x 448 pixels အရွယ်အစားနဲ့ .BMP ဖိုင်အမျိုးအစား တစ်ပုံ ( ဒီပုံကို နံမည်ပေးတဲ့အခါ user.BMP လို့ပေးပါ)
(ii) 448 x 448 pixels အရွယ်အစားနဲ့ .PNG ဖိုင်အမျိုးအစားတစ်ပုံ  (ဒီပုံကို နံမည်ပေးတဲ့အခါ user.PNG လို့ပေးပါ)
(iii) 200 x 200 pixels အရွယ်အစားနဲ့ .PNG ဖိုင်အမျိုးအစား တစ်ပုံ (ဒီပုံကို နံမည်ပေးတဲ့အခါ user-200.PNG လို့ပေးပါ)
(iv) 40 x 40 pixels အရွယ်အစားနဲ့ .PNG ဖိုင်အမျိုးအစား တစ်ပုံ (ဒီပုံကို နံမည်ပေးတဲ့အခါ user-40.PNG လို့ပေးပါ )

ဖိုင်နံမည်တွေမှာ တစ်နေရာမှ Space Bar မခြားပါဘူး


အဲဒီပုံ လေးပုံ အဆင်သင့်ပြင်ပြီးပြီဆိုရင် Control Panel ထဲက Folder options ကို ဖွင့်လိုက်ပါ



ပွင့်လာတဲ့ Folder options ထဲက View ရဲ့အောက်မှာရှိတဲ့ Show hidden files, folders and drivers ရဲ့ ရှေ့မှာ အမှတ်တပ်ပေးပြီး
Apply ကိုနှိပ်ပါ .. Ok ကို နှိပ်ပါ ..

ပြီးရင် .. ၀င်းဒိုးရှိတဲ့ Partition ( အများအားဖြင့် C ပေါ့ ) ကို ဖွင့်ပါ .. ပွင့်လာတဲ့ထဲက ProgramData ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်ပါ


ပွင့်လာတဲ့ထဲက Microsoft ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်ပါ


ပွင့်လာတဲ့ထဲက User account pictures ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်ပါ


အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ပုံတွေရဲ့အောက်မှာ အနီရောင်နဲ့ ရေးပြထားတာကတော့ ပုံအသီးသီးရဲ့ ဖိုင်အရွယ်အစားနဲ့ ဖိုင်အမျိုးအစားတွေပါ .. အဲဒီပုံလေးပုံကို
Replace လုပ်ဖို့အတွက် ပထမဆုံး ကျွန်တော်တို့ ပုံလေးပုံကို ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ် ..
နံမည်တူနေမှ Replace ဖြစ်မှာမို့ ဖိုင်နံမည်တွေကို သေသေချာချာ ပေးထားဖို့တော့ လိုပါမယ် ..
ကဲ .. နောက်တစ်ဆင့် ..
ကီးဘုဒ်ပေါ်က ၀င်းဒိုးပုံကီးလေးနဲ့ R ဆိုတဲ့ကီးလေးကို တွဲနှိပ်လိုက်ပါ .. Run Box တက်လာပါမယ် .. အဲဒီ Run Box ထဲမှာ taskkill လို့ ရိုက်ထည့်ပြီး
Ok ကိုနှိပ်ပေးလိုက်ပါ .. CMD လေး ဖျပ်ခနဲပေါ်လာပြီး ပြန်ပိတ်သွားပါမယ် ..(Control Panel ရဲ့ User account control မထိန်းချုပ်ထားတဲ့ ၀င်းဒိုးတွေအတွက် ဒီအဆင့်က လိုချင်မှလိုမှာပါ .. မလိုလည်း လုပ်လို့ရပါတယ် )


အဲဒီလို CMD လေး ပျောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ ပထဆုံး ပြင်ဆင်ထားတဲ့ ပုံလေးပုံကို အစောပိုင်းကဖွင့်ထားတဲ့ User account picture ဆိုတဲ့
ဖိုလ်ဒါထဲကို ဆွဲထည့်လိုက်ပါ ( ကော်ပီကူးပြီးမှ Paste လုပ်ရင်လည်း ရပါတယ် ) ဒီနေရာမှာ အသိပေးချင်တာက တစ်ပုံချင်း ထည့်စေချင်တယ်
တစ်ပုံထည့်လိုက်တာနဲ့ နံမည်တူဖိုင် ရှိနေတာကြောင့် အောက်မှာ ပြထားသလို Replace လုပ်မှာလားမေးတဲ့ Box လေးတက်လာပါမယ်


အဲဒီ Box မတက်လာရင် နံမည်တူအောင် မပေးမိခဲ့လို့ပါ .. နံမည်တူအောင် ပြန်လုပ်ပေးရပါမယ် .. ( .BMP .. .PNG ဆိုတဲ့ File Extension တွေကိုတော့ မြင်ရမှာမဟုတ်ပါ ဘူး)
တက်လာတဲ့ Box ထဲက အပေါ်ဆုံးမှာရှိတဲ့ Replace the file in destination ဆိုတဲ့ စာကြောင်းကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း
Administrator Prompt တက်လာပါမယ် ..


Continue ကိုနှိပ်ပေးလိုက်ပါ .. ပုံတစ်ပုံ Replace လုပ်ပေးသွားပါလိမ့်မယ် ..
အဲဒီလိုပဲ ကျန်တဲ့ ပုံတွေကိုလည်း တစ်ပုံချင်း အဆင့်ဆင့်လုပ်ပေးလိုက်ပါ .. ပုံလေးပုံလုံး Replace လုပ်ပြီးသွားရင် အောက်ကပုံအတိုင်း
အရင်က ပုံတွေနေရာမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ပုံတွေ အစားထိုးဝင်ရောက်သွားတာတွေ့ရပါမယ် ..



ကဲ .. ဒီအဆင့်အထိ အဆင်ပြေပြီဆိုရင်တော့ ကွန်ပြူတာကို Restart ချပေးလိုက်ပါ .. ၀င်းဒိုးပြန်တက်လာတဲ့အခါမှာ
အောက်မှာ ပြထားတဲ့ အတိုင်း Log On Screen ... User accounts စတဲ့နေရာတွေမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ ပုံလေးတွေ ပြောင်းလည်းဝင်ရောက်နေတာကို
တွေ့ရပါလိမ့်မယ် ..




နောက်ပို့စ်တွေမှာ Windows 8 ရဲ့ Start Program တွေကို ဘယ်လို Personalize လုပ်မယ်ဆိုတဲ့ နည်းလမ်းတွေကို ဆက်လက်မျှဝေ ပေးသွားပါမယ်

No comments:

Post a Comment